ဘဏ်သမိုင်း

တည်ထောင်မှု

ကမ္ဘာ့ ရတနာဘဏ်ကို ၁၉၉၆ ဖေဖော်ဝါရီ ၁၅ တွင် မွေးမြူ ရေးနှင့် ရေလုပ်ငန်းဖွံ့ ဖြိုးရေးဘဏ်အဖြစ်စတင် ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်းတွင်မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ထောက်ခံမှု ဖြင့် ကမ္ဘာ့ ရတနာဘဏ်အဖြစ်ပြောင်းလဲခဲ့သည်။

ဘဏ်အမျိုးအစား

ကမ္ဘာ့ ရတနာဘဏ်သည် မြန်မာနိုင်ငံ ကုမ္ပဏီများဆိုင်ရာ အက်ဥပဒေ၊ ဖေဖော်ဝါရီလ ၆ ရက်၊ ၁၉၉၆ ခုနှစ်ရက်စွဲပါ ၁၉၉၅-၁၉၉၆ ၏ ပေါင်းစပ်ဖွဲ့စည်းခြင်းဆိုင်ရာ အမှတ် (၁၃၇၅) ၏ လက်မှတ်နှင့်အတူ အများနှင့်သက်ဆိုင်သောဘဏ် ဖြစ်ပါသည်။

လိုင်စင်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှလည်း ဖေဖော်ဝါရီလ ၁၅ ရက်၊ ၁၉၉၆ ခုနှစ်တွင် ပြည်တွင်းဘဏ်လုပ်ငန်းလိုင်စင်အမှတ် မဗဘ/ပီ-၁၅ (၂) ၉၆ ဖြင့် ခွင့်ပြုပေးခဲ့ပါသည်။ ငွေကြေးလဲလှယ်ခြင်းလိုင်စင်အား အောက်တိုဘာလ ၂၄ ရက်၊ ၂၀၁၁ ခုနှစ်တွင်ခွင့်ပြုချက်ရရှိခဲ့ပြီး အခွင့်အာဏာရ အရောင်းကိုယ်စားလှယ်လိုင်စင်အမှတ် CBM-FEMD-64/2012 ဖြင့် နိုင်ငံခြားဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် သြဂုတ်လ ၂၄ ရက်၊ ၂၀၁၂ ခုနှစ်တွင် ခွင့်ပြု ချက်ရရှိခဲ့ပါသည်။

ငွေကြေးဆိုင်ရာ

၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ကမ္ဘာ့ရတနာဘဏ်မှ အစုရှယ်ယာတစ်ခုလျှင် ကျပ်ငါးသိန်းဖြင့် မတည်ရင်းနှီးငွေ ကျပ် ၃၅ ဘီလီယံ၊ အစုရှယ်ယာပေါင်း ၇၀,၀၀၀ နှင့် အစုရှယ်ယာအားလုံးအား အများပြည်သူထံသို့ ထုတ်ပေးခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အတည်ပြုချက်ဖြင့် အစုရှယ်ယာများကို ကျပ် ၇၀ ဘီလီယံအထိ တိုးမြှင့်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း ၄င်းကျပ် ၇၀ ဘီလီယံ မှ ကျပ် ၄၅ ဘီလီယံအား အများပြည်သူထံသို့ အပြည့်အ၀ထုတ်ပေးခဲ့ပါသည်။