ချေးငွေအမျိုးအစား


ချေးငွေ နှင့် စာရင်းပိုထုတ်ချေးငွေ

ဘဏ်မှချေးငွေဝန်ဆောင်မှုအနေဖြင့် အောက်ဖော်ပြပါချေးငွေအမျိုးအစာအလိုက်နှင့် အာမခံအမျိုးအစားတို့အား အောက်ပါအတိုင်းဖော်ပြထားပါသည်။ ချေးငွေအတိုးနှုန်းမှာ ၁၂% ဖြစ်ပြီး Service Charges မှာ ၁% ဖြစ်ပါသည်။အတိုးများကို (၃) လတစ်ကြိမ် ကောက်ခံမည်ဖြစ်ပါသည်။

၁။ Loans
၂။ Overdraft
၃။ Hire Purchase

Loan ချေးငွေအမျိုးအစားနှင့် Overdraft ချေးငွေအမျိုးအစားတွင် အာမခံပစ္စည်းအမျိုးအစားများအဖြစ်
၁။ မြေယာနှင့် အဆောက်အဦး
၂။ ထိုချေးငွေအတွက် ကြားဝင်အာမခံသူ တစ်ဦးတစ်ယောက်
၃။ ရွှေရတနာ
၎။ ထိုချေးငွေအတွက် အပေါင်ထားလိုသည့် အရာ

အငှားဝယ်စနစ်

အငှားဝယ်စနစ်နည်းလမ်းဖြင့် ချေးယူလိုပါက ၀ယ်ယူလိုသောပစ္စည်းတန်ဖိုး၏ ၃၀% (Down Payment) နှင့် တစ်နှစ်စာအတိုးအား ငွေစတင်ချေးယူသည့်နေ့တွင် ဘဏ်သို့ပေးသွင်းရပါမည်။ ကျန်အရင်း ၇၀% အား (၁၂) လခွဲ၍ အရစ်ကျ လစဉ်လဆန်း (၅) ရက်နေ့ နောက်ဆုံးပေးသွင်းရပါမည်။ ၄င်း၏ အတိုးနှုန်းများမှာ

သက်တမ်း (၁) နှစ်အတွက် ၈% နှင့် Service Charges ၁%
သက်တမ်း (၂) နှစ်အတွက် ၁၂% နှင့် Service Charges ၂%
သက်တမ်း (၃) နှစ်အတွက် ၁၈% နှင့် Service Charges ၃% ကောက်ခံမည် ဖြစ်ပါသည်။