"ရေဘေးကူညီ GTB"

“ရေဘေးကူညီ GTB” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ GTB ဘဏ်မှ ယခုနှစ်ရေဘေးသင့်ပြည်သူများ၏ စားဝတ်နေရေး အထောက်အပံ့ဖြစ်စေရန်အတွက် ရည်ရွယ်ကာ ရေဘေးသင့်ဒေသများဖြစ်သော နေပြည်တော် တိုင်းဒေသကြီးရှိ နေပြည်တော်၊ တပ်ကုန်းနှင့် ပျဉ်းမနားမြို့၊ မန္တလေးတိုင်းဒေသကြီးရှိ တံတားဦးမြို့၊ ပဲခူးတိုင်းဒေသကြီးရှိ တောင်ငူနှင့် ဆွာမြို့များသို့ ဘဏ်ဝန်ထမ်းများ သွားရောက်၍ လိုအပ်နေသည့် ငွေကြေး၊ စားနပ်ရိက္ခာများ၊ ရေသန့်များ၊ အဝတ်အစားများနှင့် အခြားလိုအပ် နေသောပစ္စည်းများကို စေတနာ သဒ္ဓါတရား ထက်သန်စွာ ကူညီထောက်ပံ့ လှူဒါန်းပေးခဲ့ပါသည်။


ကွန်ရက်ဖြန့်ကျက်ကာ ငွေလွှဲဝန်ဆောင်မှုလုပ်ဆောင်နိုင်တာ GTB ဘဏ်ခွဲများပါ….📣📣📣📣📣
မိဘပြည်သူတို့၏ စီးပွားရေးလုပ်ငန်းများ၊ ကျန်းမာရေး၊ ပညာရေးနှင့် မိသားစုအသုံးစရိတ်များအတွက် ငွေလွှဲပေးပို့ခြင်း၊ ငွေလက်ခံခြင်းများအတွက် မြန်မာနိုင်ငံအနှံ့အပြားမှာရှိသည့် GTB ဘဏ်ခွဲ(၁၇၂)ဘဏ်တွင် အခက်အခဲမရှိလွယ်လင့်တကူ ချိတ်ဆက်ကာလုပ်ဆောင်နိုင်ပါသည်။ GTB မှ ဖွင့်လှစ်ထားသော ဘဏ်ခွဲများကို တည်နေရာနှင့် ဖုန်းနံပါတ်ကိုလည်း GTB mbanking အသုံးပြုသူများအနေဖြင့် GTB mbanking App တွင်လည်းကောင်း ၊ website: http://www.gtbmm.com/gtbbranches.html တွင်လည်း အလွယ်တကူ ဝင်ရောက်ရှာဖွေနိုင်သောကြောင့် ငွေကြေးကိစ္စရပ်များကို နေရာဒေသမရွေး အခက်အခဲမရှိငွေလွှဲနိုင်ပြီး GTB mbanking & ibanking အသုံးပြုသူများအနေဖြင့်လည်း အိမ်မှာနေရင်း ငွေကြေးကိစ္စရပ်တိုင်းကို အလွယ်တကူ လုပ်ဆောင်လိုက်ပါ………👉👉👉👉👉
www.facebook.com/GlobalTreasureBank

“ ရွှေဘုံသာဘဏ်ခွဲနှင့်မြောက်ဦးဘဏ်ခွဲတို့အားပြန်လည်ဖွင့်လှစ်ကြောင်း အသိပေးကြေညာခြင်း ”📣📣📣📣📣
ကမ္ဘာ့ရတနာဘဏ်လီမိတက်၏ ရွှေဘုံသာဘဏ်ခွဲနှင့် မြောက်ဦးဘဏ်ခွဲတို့အား ပြန်လည်ဖွင့်လှစ်ကာဝန်ဆောင်မှုများပေးနေပါပြီ.............🙂🙂🙂🙂🙂 ကမ္ဘာ့ရတနာဘဏ်လီမိတက်၏ ရွှေဘုံသာဘဏ်ခွဲနှင့် မြောက်ဦးဘဏ်ခွဲတို့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားပြီး (၁၂.၁၀.၂၀၂၀) ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ကာ ကမ္ဘာ့ရတနာဘဏ်၏ မိတ်ဟောင်းမိတ်သစ် Customer များအတွက် ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်📣📣📣📣📣