"ရေဘေးကူညီ GTB"

“ရေဘေးကူညီ GTB” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ GTB ဘဏ်မှ ယခုနှစ်ရေဘေးသင့်ပြည်သူများ၏ စားဝတ်နေရေး အထောက်အပံ့ဖြစ်စေရန်အတွက် ရည်ရွယ်ကာ ရေဘေးသင့်ဒေသများဖြစ်သော နေပြည်တော် တိုင်းဒေသကြီးရှိ နေပြည်တော်၊ တပ်ကုန်းနှင့် ပျဉ်းမနားမြို့၊ မန္တလေးတိုင်းဒေသကြီးရှိ တံတားဦးမြို့၊ ပဲခူးတိုင်းဒေသကြီးရှိ တောင်ငူနှင့် ဆွာမြို့များသို့ ဘဏ်ဝန်ထမ်းများ သွားရောက်၍ လိုအပ်နေသည့် ငွေကြေး၊ စားနပ်ရိက္ခာများ၊ ရေသန့်များ၊ အဝတ်အစားများနှင့် အခြားလိုအပ် နေသောပစ္စည်းများကို စေတနာ သဒ္ဓါတရား ထက်သန်စွာ ကူညီထောက်ပံ့ လှူဒါန်းပေးခဲ့ပါသည်။


အချိန်ကုန်သက်သာ လုံခြုံစွာ GTB mbanking နဲ့ငွေလွှဲပါ......📣📣📣📣📣
လူကြီးမင်း၏ဖုန်းထဲမှာ GTB ဘဏ်ရဲ့ Mobile Banking လေးရှိနေရင်တော့ အချိန်မရွေး၊ နေရာမရွေး GTB ဘဏ်အကောင့်အချင်းချင်း ငွေလွှဲနိုင်ခြင်း၊ မှတ်ပုံတင်ဖြင့် ငွေလွှဲနိုင်ခြင်း၊ GTB ဘဏ်ခွဲများ၏ တည်နေရာများ၊ နိုင်ငံခြားငွေလဲလှယ်နှုန်းများကို ကြည့်ရှုနိုင်ခြင်း၊ ဖုန်းဘေလ်ဖြည့်နိုင်ခြင်း စသည်တို့ကို ပြုလုပ်နိုင်ပါတယ်။ အခုလိုကာလလေးမှာ သင့်အိမ်ထဲကနေ သက်တောင့်သက်သာ ဘေးကင်းလုံခြုံစွာနဲ့ ဖုန်းမှ Click လေးတစ်ချက်နှိပ်ပြီး ဘဏ်ဝန်ဆောင်မှုများကို အချိန်ကုန်သက်သာစွာဖြင့် ဝန်ဆောင်မှုရယူလိုက်ပါ.......👉👉👉👉👉

GTB ဘဏ်၏ Money Changer Counter တွင် ဝန်ဆောင်မှုရယူလိုက်ပါ….📣📣📣📣📣
Customer များ နိုင်ငံခြားငွေလဲလှယ်ရာတွင် အဆင်ပြေလွယ်ကူစေရန်အတွက် GTB ဘဏ်သည် နေရာဒေသ အနှံ့အပြားတွင် နိုင်ငံခြားငွေလဲလှယ်ကောင်တာ (Money Changer Counter) (၂၂)ခု ဖွင့်လှစ်ကာဝန်ဆောင်မှု ပေးလျက်ရှိပါသည်။ ဖွင့်လှစ်ဝန်ဆောင်မှုပေးထားသော Money Changer Counter များမှာ - GTB ဘဏ်ရုံးချုပ်၊ စော်ဘွားကြီးကုန်း(၁)၊ ရွှေဘုံသာ၊ မန္တလေး(ဒိုင်းမွန်းပလာဇာ)၊ မန္တလေး(၂၆)၊ မန္တလေး(ဆိုင်းတန်း)၊ နေပြည်တော်၊ ရွှေဘို၊ ကလေး၊ မော်လမြိုင်(၁)ဖက်တန်း၊ မော်လမြိုင်(၂)ဈေးကြို၊ ကော့သောင်း၊ ထားဝယ်(၁)၊ မုံရွာ(၁)၊ ပြည်၊ ကသာ၊ မြဝတီ(၁)၊ မူဆယ်၊ မောင်တော၊ သံတွဲ၊ တမူး နှင့် မောင်းမကန်ဘဏ်ခွဲတို့တွင် လဲလှယ်နိုင်ပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းများကိုလည်း GTB ၏ Facebook Page တွင် အချိန်နှင့်တစ်ပြေးညီ ကြေညာပေးနေသောကြောင့် နီးစပ်ရာဘဏ်ခွဲများနှင့် ချိတ်ဆက်ကာ နိုင်ငံခြားငွေကြေးဝန်ဆောင်မှုကို ရယူလိုက်ပါ…….👉👉👉👉👉
www.facebook.com/GlobalTreasureBank