one

Department Of Information & Technology

နည်းပညာဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုအခြေအနေ

၁။        ကမ္ဘာ့ရတနာဘဏ် Department of Information & Technology သည် ရုံးချုပ်ဌာနများနှင့် လက်အောက်ခံဘဏ်ခွဲများအားလုံး Banking System ကောင်းမွန်စွာ အသုံးပြုနိုင်ရန်နှင့် Customer ဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်၍ Admin Team, Software Team, Network Team, Hardware Team & Database Team များအလိုက် ဌာနလုပ်ငန်းအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၂။       Software Team သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် Software Team ၏ ကြီးကြပ်မှုနှင့်အညီ CBM MIS Report System & CBM Net System များ၏ Software ဆိုင်ရာ လမ်းညွှန်ချက်များအား အကောင်အထည် ဖော်ဆောင်ရွက်ခြင်း၊ ဘဏ်ခွဲ User များ Core Banking System ကျွမ်းကျင်မှန်ကန်စွာ အသုံးပြုနိုင်စေရန် User Guide များ၊ ညွှန်ကြားချက်များ ထုတ်ပြန်ပေးခြင်း၊ ဌာန/ဘဏ်ခွဲများမှ ဆက်သွယ် လာသော Banking User များ၏ Transaction Issue & Error များအား အသေးစိတ်ရှင်းပြ ဖြေရှင်းဆောင်ရွက် ပေးခြင်း၊ ဘဏ်၏ လုပ်ငန်းလိုအပ်ချက်အလိုက် System Upgrade ဆောင်ရွက်ခြင်းများ နေ့စဉ်လုပ်ဆောင် လျက်ရှိပါသည်။


၃။       Network Team သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် Network Team ၏ ကြီးကြပ်မှုနှင့်အညီ CBM Network လိုင်း အသုံးပြုခြင်းဆိုင်ရာညွှန်ကြားချက်များ၊ Security ဆိုင်ရာများအား လိုက်နာဆောင်ရွက်ခြင်း၊ ဌာန/ဘဏ်ခွဲများရှိ Network Router & Switch Device များ System Upgrade ဆောင်ရွက်ခြင်း၊ Security Alert စောင့်ကြည့်စစ်ဆေးခြင်း၊ DC Connection ပြတ်တောက်မှု Issue & Error များအား သက်ဆိုင်ရာ ဌာန/ ဘဏ်ခွဲအလိုက် စစ်ဆေးပြုပြင်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ Hardware Team သည် ဌာန/ ဘဏ်ခွဲများ အသုံးပြုလျက်ရှိသော ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းပျက်စီးမှုများ ပြုပြင်ဆောင်ရွက်ပေးခြင်း၊ အသစ်ဝယ်ယူတပ်ဆင်ပေးခြင်းများအား ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပါသည်။