ကမ္ဘာ့ရတနာဘဏ်၏ငွေကြေးခိုင်မှုအခြေအနေ


ကမ္ဘာ့ရတနာဘဏ်၏ အောက်တွင်ဖော်ပြထားသော ကိန်းဂဏန်း အမျိုးအစားအလိုက် ရာခိုင်နှုန်း အချိုးများကို ကြည့်ခြင်းအားဖြင့် ငွေကြေးအခြေအနေနှင့်ပတ်သက်၍ ခိုင်မာမှုရှိကြောင်း တင်ပြအပ်ပါသည် -

(၁)             မတည်ငွေရင်းလုံလောက်မှုအချိုး (Capital Adequacy Ratio)
                       အနည်းဆုံးအလွှာ(၁)မတည်ငွေရင်းလုံလောက်မှုအချိုး
                        (Tier - 1 Capital Ratio)
                       (ခ)စုစုပေါင်းမတည်ငွေရင်းလုံလောက်မှုအချိုး
                       (Regulatory Capital Adequacy Ratio)
၁၀.၆၉%

၁၁.၉၄%
(၂)             ငွေကြေးလွယ်ကူမှုအချိုး (Liquidity Ratio) ၃၉.၅၇%
(၃)             လက်ဝယ်ရှိငွေနှင့်အလားတူပိုင်ဆိုင်ငွေများနှင့်စာရင်းရှင်အပ်ငွေအချိုး
                 (Cash & Cash Equivalent To Demond Deposit Ratio)
၃၉၅.၀၀%

(၄)             လက်ဝယ်ရှိငွေနှင့်အလားတူပိုင်ဆိုင်ငွေများနှင့်အချိန်ပိုင်းအပ်ငွေအချိုး
                 (Cash & Cash Equivalent To Time Deposit Ratio)
၅၁.၀၀%

(၅)             စုစုပေါင်းချေးငွေနှင့်စုစုပေါင်းအပ်ငွေတို့၏အချိုး
                 (Loan To Deposit Ratio)
၈၄.၀၀%

(၆)             အစုရှယ်ယာရှင်များ၏စုစုပေါင်း ပိုင်ဆိုင်မှုတန်ဘိုး (ကျပ်သန်း)
                 (Total Shareholders' Equity)
ကျပ် (၁၁၃,၇၈၅.၃၉) သန်း

ရှင်းလင်းချက်

(က) အမှတ်စဉ်(က)(၁) ရှိ အနည်းဆုံးအလွှာ(၁)မတည်ငွေရင်း လုံလောက်မှုအချိုး (Tier - 1 Capital Ratio) တွင် မတည်ငွေရင်း (ထည့်ဝင်ပြီးမတည်ငွေ + သီးသန့်ရန်ပုံငွေနှင့်အမြတ်) စုစုပေါင်းကျပ် (၆၈,၃၄၅.၉၅) သန်းပေါ်ကို ဆုံးရှုံးနိုင်ခြေရှိသော ရရန်ပိုင်ခွင့်တန်ဖိုးကျပ် (၆၃၉,၂၁၅.၅၅) သန်းတို့၏ အချိုးကို တွက်ချက်ခြင်းအားဖြင့် (၁၀.၆၉%) ရရှိပါသည်။ ထိုအချိုးမှာ အနည်းဆုံး (၄%) ဖြစ်၍ ဗဟိုဘဏ်မှ သတ်မှတ်ထားသည့်အချိုး ပြည့်မီပါသည်။ အမှတ်(က)(၂)ရှိ စုစုပေါင်းမတည်ငွေရင်း လုံလောက်မှုအချိုး (Regulatory Capital Adequacy Ratio) တွင် (ထည့်ဝင်ပြီးမတည်ငွေ + သီးသန့်ရန်ပုံငွေ + အမြတ် + ချေးငွေဆုံးရှုံးနိုင်ခြေအတွက် အထွေထွေလျာထားခြင်း) စုစုပေါင်းကျပ် (၇၆.၃၃၆.၁၅) သန်းပေါ်ကို ဆုံးရှုံးနိုင်ခြေရှိသော ရရန်ပိုင်ခွင့် တန်ဖိုးကျပ် (၆၃၉.၂၁၅.၅၅) သန်းတို့၏ အချိုးကို တွက်ချက်ခြင်းအားဖြင့် (၁၁.၉၄%) ရရှိပါသည်။ ထိုအချိုးမှာ အနည်းဆုံး (၈%) ဖြစ်၍ ဗဟိုဘဏ်မှ သတ်မှတ်ထားသည့်အချိုး ပြည့်မီပါသည်။
(ခ) အမှတ်စဉ်(ခ)တွင် ၃၁ မတ် ၂ဝ၂၅ ရှိ ငွေကြေးလွယ်ကူမှုအချိုးသည် ဘဏ်၏ အသားတင်ငွေ ဖြစ်လွယ်သော ရပိုင်ခွင့်များ ကျပ် (၃၀၄,၈၇၂.၆၆) သန်းပေါ်တွင် စုစုပေါင်းပေးရန်တာဝန် မြင့်မားမှု များ ကျပ် (၇၇၀,၅၄၁.၆၃) သန်းတို့၏ အချိုး (၃၉.၅၇%) ဖြစ်၍ ဗဟိုဘဏ်၏ သတ်မှတ်ချက် (၂ဝ%) ပြည့်မီပါသည်။
(ဂ) အမှတ်စဉ်(ဂ)တွင် လက်ဝယ်ရှိငွေနှင့် အလားတူပိုင်ဆိုင်ငွေကျပ် (၂၉၀,၇၃၄.၄၆) သန်းနှင့် စာရင်းရှင် အပ်ငွေကျပ် (၇၃,၅၅၂.၃၉) သန်းတို့ကိုတွက်ချက်၍ ရရှိသောအချိုးမှာ (၃၉၅.၀၀%) ဖြစ်၍ ဗဟိုဘဏ် မှ သတ်မှတ်ထားသော (၁ဝ%) ပြည့်မီပါသည်။
(ဃ) အမှတ်စဉ်(ဃ)တွင် လက်ဝယ်ရှိငွေနှင့် အလားတူ ပိုင်ဆိုင်ငွေကျပ် (၂၉၀,၇၃၄.၄၆) သန်းနှင့် အချိန်ပိုင်း အပ်ငွေ ကျပ် (၅၇၃,၂၂၀.၅၅) သန်းတို့ကို တွက်ချက်၍ ရရှိသောအချိုးမှာ (၅၁.၀၀%) ဖြစ်၍ ဗဟိုဘဏ် မှ သတ်မှတ်ထားသော (၁ဝ%) ပြည့်မီပါသည်။
(င) အမှတ်စဉ်(င)တွင် စုစုပေါင်းချေးငွေကျပ် (၅၄၂,၉၁၆.၂၀) သန်းဖြစ်၍ စုစုပေါင်းအပ်ငွေမှာ ကျပ် (၆၄၆,၇၇၂.၉၄) သန်း ဖြစ်သဖြင့် Loans To Deposits Ratio မှာ (၈၄.၀၀%) ရှိပါသည်။
(စ) အမှတ်စဉ်(စ)တွင် အစုရှယ်ယာရှင်များသည် အစုရှယ်ယာတစ်စုအတွက် တန်ဖိုးကျပ် (၁) သောင်း ပိုင်ဆိုင်သဖြင့် ယခုဘဏ္ဍာနှစ်အတွက် အစုရှယ်ယာရှင်များ ပိုင်ဆိုင်သော တန်ဖိုးစုစုပေါင်းမှာ ကျပ် (၁၁၃,၇၈၅.၃၉) သန်း ဖြစ်သောကြောင့် အစုရှယ်ယာရှင်အရေအတွက် (၆,၂၄၃,၆၅ဝ) ရှိသဖြင့် အစုရှယ်ယာတစ်စုလျှင် ကျပ် (၁၈,၂၂၄.၁၈) တန်ဖိုးရှိနေပြီး ဖြစ်ပါသည်။
ထို့ကြောင့် အထက်ပါအမျိုးအစားအလိုက် ရာခိုင်နှုန်းများမှာ သတ်မှတ်ထားသော ရာခိုင်နှုန်းထက် ကျော်လွန်နေပါသဖြင့် ဘဏ်၏ ငွေရေးကြေးရေးအခြေအနေမှာ ခိုင်မာမှုရှိကြောင်း တင်ပြအပ်ပါသည်။