ကမ္ဘာ့ရတနာဘဏ်တွင် ငွေစုဘဏ်စာရင်း (တစ်ဦးချင်း)၊ စာရင်းရှင်စာရင်း (တစ်ဦးချင်း) နှင့် ခေါ်ယူအပ်ငွေစာရင်း (တစ်ဦးချင်း) ဖွင့်လှစ်ထားသူများသည် eBanking ဝန်ဆောင်မှုများကို အချိန်နှင့် တစ်ပြေးညီ ဝန်ဆောင်မှုရယူနိုင်ပြီ ဖြစ်ပါသည်။
အများပြည်သူ၏ ငွေပေးချေမှုစနစ် ပိုမိုဖွံ့ဖြိုးတိုးတက်ရန်၊ ငွေသားကိုယ်တွယ်သုံးစွဲမှုများ လျှော့ချရန်၊ ဒီဂျစ်တယ်လ်ငွေရေးကြေးရေးဆောင်ရွက်ချက်များ များပြားစေရန်နှင့် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် GTB Pay, GTB Agent, GTB Merchant လုပ်ငန်းများအပြင် MyanmarPay (MMQR) လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ၃၁ မတ် ၂၀၂၆ ထိ GTB Pay User (၂၇,၁၅၀) ဦး၊ GTB Agent User (၁၇၆) ဦး နှင့် GTB Merchant User(၄,၆၇၀)ဦးဆောင်ရွက်နိုင်ခဲ့ပါသည်။


