News of Global Treasure Bank -
ကမ္ဘာ့ရတနာဘဏ်လီမိတက်၏ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်နိုင်မှုအပေါ်တွင် တိုးမြှင့်ခံစားခွင့်ပေးသော အစဉ်အလာအရ မန်နေဂျာ (၃၀) ဦးအတွက် အကြီးတန်းစီမံခန့်ခွဲမှုသင်တန်း (၁/၂၀၁၉) ၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို (၇.၁.၂၀၁၉) ရက်နေ့၊ တနင်္လာနေ့ နံနက် (၇:၃၀) နာရီတွင် ရွှေမြယာသင်တန်း Main ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားသို့ ကမ္ဘာ့ရတနာဘဏ်၏ ဥက္ကဌ ၊ CEO နှင့်အတူ ရုံးချုပ်ဌာန ဆိုင်ရာ အကြီးအကဲများတက်ရောက်ခဲ့ကြပြီး ဥက္ကဌ နှင့် CEO တို့မှ သင်တန်းသား သင်တန်းသူများအတွက် အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းများတွင် ဝန်ထမ်းများအတွက် အမှန်တကယ်သိသင့် သိထိုက်ရန် လိုအပ်သောဘာသာရပ်များ ၊ ဘဏ်လုပ်ငန်းဆိုင်ရာအကြောင်းအရာများ၊ စီမံခန့်ခွဲမှုပိုင်းရာ အကြောင်းအရာများ နှင့် ဗဟုသုတများစွာ တို့ကို ပြင်ပမှ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ Professional ဆရာ ဆရာမများ နှင့်အတူ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဌာနမှူး ဆရာ/ ဆရာမများ မှ စာတွေ့ လက်တွေ့ သင်ကြား ပေးသွားမည်ဖြစ်ပြီး သင်တန်းကာလအနေဖြင့် (၂) ပတ်ခန့် တက်ရောက်ရမည်ဖြစ်၍ အဆိုပါအကြီးတန်း စီမံခန့်ခွဲမှုသင်တန်းစာမေးပွဲကို (၁၇.၁.၂၀၁၉) ရက်နေ့တွင် ဖြေဆိုသွားရမည်ဖြစ်ပါသည်။ ကောင်းသောနေ့လေးဖြစ်ပါစေရှင် :-) :-)