News of Global Treasure Bank--

ကမ္ဘာ့ရတနာဘဏ်၏ ဝန်ထမ်းများအားလုံး ဘဏ်လုပ်ငန်းဆိုင်ရာ သိသင့်သိထိုက်သော အကြောင်းအရာ များနှင့် ဘဏ် Operation တွင်လိုက်နာလုပ်ဆောင်သွားရန် လက်တွေ့အသုံးချရမည့် ဘာသာရပ်များကို သင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိရာ ယခု ၂၀၂၀ ခုနှစ်အတွက် ကြီးကြပ်ရေးမှူး၊ ဒုကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူး (၆၆)ဦးအတွက် ရာထူးတိုးမြှင့်ခြင်းဆိုင်ရာသင်တန်း (၁/၂၀၂၀)၊ အကြီးတန်းစာရေးဝန်ထမ်း (၄၁)ဦးအတွက် ရာထူးတိုးမြှင့်ခြင်းဆိုင်ရာသင်တန်း (၂/၂၀၂၀) နှင့် အငယ်တန်းစာရေး၊ အငယ်တန်းလက်ထောက်ဝန်ထမ်း (၂၄)ဦးအတွက် အခြေခံဘဏ်လုပ်ငန်းသင်တန်း (၁/၂၀၂၀) တို့ကို (၁၃.၁.၂၀၂၀) ရက်နေ့မှ (၂၉.၁.၂၀၂၀)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ အဆိုပါသင်တန်း(၃)ခု၏ ဖွင့်ပွဲအခမ်းအနားကို စမ်းချောင်းသင်တန်းကျောင်းခန်းမတွင် (၁၃.၁.၂၀၂၀) ရက်နေ့၊ နံနက် (ရး၃၀) အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး CEO မှအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်း များတွင် ဘဏ်ဝန်ထမ်းများအနေဖြင့် သိသင့်သိထိုက်သော ဘဏ်လုပ်ငန်းဆိုင်ရာ အကြောင်းအရာများကို သက်ဆိုင်ရာဘာသာရပ်အလိုက် ဌာနမှူးဆရာ/ဆရာမများမှ သင်ကြားပေးလျက်ရှိကြောင်း GTB ဘဏ်၏ သင်တန်းဖွင့်ပွဲပုံများနှင့်တကွ မှတ်တမ်းတင် ဖော်ပြပေးလိုက်ပါသည်…


News of Global Treasure Bank--

ချမ်းအေးလှသော ဒီဇင်ဘာညလေးနှင့်အတူ ကမ္ဘာ့ရတနာဘဏ်မှ ပြုလုပ်ကျင်းပသော ပျော်ရွှင်စရာကောင်းသော Dinner ပွဲတွင် ဘဏ်ခွဲအလိုက် Deposit အကောင်းဆုံးနှင့် အတိုးတက်ဆုံးဆု၊ ငွေလွှဲအကောင်းဆုံးနှင့် အတိုးတက်ဆုံးဆု၊ GSL ဦးရေအများ​ဆုံးဆု​​​​​နှင့်ဝင်ငွေအများဆုံးဆု၊ Western Union ငေွလွှဲကောင်းဆုံးဆုများနှင့် ငေွကြေးဌာနအတွက် ဂုဏ်ပြုဆုတို့ကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အဆိုပါဆုများအပြင်ဘဏ်ခွဲအလိုက် Customer များအပေါ် ရိုးသား ကြိုးစားစွာဖြင့် ဝန်ဆောင်မှုပေးခဲ့သော ဝန်ထမ်းများအတွက် ဂုဏ်ပြုဆုများ၊ Banking သင်တန်းများတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဝန်ထမ်းများအတွက် ဂုဏ်ပြုဆုများ၊​ပညာ​ရေးတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဝန်ထမ်းများ၏သားသမီးများအတွက် ပညာသင်ထူးချွန်ဆုများနှင့် နယ်မြေအလိုက် လုပ်ငန်းစွမ်းဆောင်ရည်ဆုများကို ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။ ထို့ပြင် ေငွသားကံစမ်းမဲအဖြစ် ကျပ်(၁)သိန်းဆု (၃၆)ဆုနှင့်အတူ Grand Hantha မှ (၁၅)သိန်း package ဆု တို့ကိုလည်းကံစမ်းမဲဖောက်ကာ ပျော်ပျော်ရွှင်ရွှင်ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ရတနာဘဏ်၏ ညစာစားပွဲ အခမ်းအနားမှ ပျော်ရွှင်ဖွယ်ရာ အမှတ်တရပုံရိပ်များကို ဖော်ပြပေးလိုက်ပါသည်........ ပျော်ရွှင်ဖွယ်ကောင်းသော အမှတ်တရ ညလေးတစ်ည ဖြစ်ပါစေ......